ကျောက်ဆည်မြို့နယ်တွင် ပဉ္မအသုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ကျောက်ဆည်   ဒီဇင်ဘာ   ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပဉ္စမအသုတ် (ပထမ)အကြိမ်  ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးများကို ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးရန်ကျန်ရှိနေသည့် ပြည်သူများအား ဆေးထိုးစုရပ်ဖြစ်သော မြို့တော်ခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံရာတွင် ပဉ္စမအသုတ် (ပထမ) အကြိမ်အဖြစ် သံဃာတော်နှင့်သီလရှင်(၉)ပါး၊ နိုင်ငံဝန်ထမ်း (၄၄)ဦး၊ ပုဂ္ဂလိက စက်ရုံ၊အလုပ်ရုံ ဝန်ထမ်း(၁)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေး လုပ်ကိုင်သူ(၁၇)ဦး၊ ဟိုတယ်/ တည်းခိုခန်းလုပ်ကိုင်သူ(၁)ဦး၊ အခြားဝင်ငွေရပြည်သူ(၂၁၅၆)ဦး၊ မှီခို ပြည်သူ(၃၀၈)ဦး၊ စုစုပေါင်း (၂၅၃၆)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးပေးပြီးဖြစ်ကြောင်းနှင့်  တတိယအသုတ် (ဒုတိယ) အကြိမ် အဖြစ် ပြည်သူ (၁၃၆၇၉)ဦး၊ စတုတ္ထအသုတ်(ဒုတိယ)အကြိမ် အဖြစ် ပြည်သူ(၂၉၄၀)ဦးအား ကာကွယ်ဆေးများ ထိုးပေးပြီးဖြစ်ကြောင်းနှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)