သတင်းများ

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
Dec 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုကို ဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သတ်မှတ်ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေးများကို ရက်အလိုက်ဆက်တိုက် ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ်အထက်ရှိပြီး၊ အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံရသေးသူများကို ယနေ့နံနက် ၉ နာရီမှစ၍ ဆိပ်ကြီး အ‌ရှေ့ရပ်ကွက်ရှိ ပဏ္ဍိတာရာမ စလင်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ပထမအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမမှ စာဖတ်ဝိုင်းပြုလုပ်ကျင်းပ
Dec 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင်များ၊ စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (BOOK CLUB) အဖွဲ့ဝင်များဖြင့် စာရေးဆရာမ ခင်စောတင့်ရေးသားသည့် ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင် စာအုပ်ကို ယနေ့နံနက် (၁၀)နာရီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်၊၊
ဘုတ်ပြင်းမြို့တွင်ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ရောဂါကာကွယ်ရေး အသိပေးနှိုးဆော်
Dec 13,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်‌ရေး၊ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြစ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများသည် ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယမန်နေ့ညက ရပ်ကွက်နှင့် ကျေးရွာများသို့ လှည့်လည်၍ တိုက်တွန်းနှိုးဆော်ခဲ့ ကြောင်း သိရ  သည်။
ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး Mask Campaign ဆောင်ရွက်
Dec 13,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ကျဌာနဆိုင်ရာများက  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို အမှတ်-၂ ရပ်ကွက်တံတားကြီးထိပ်၌ ယနေ့ နံနက်(၉)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့မစျေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
Dec 13,2021
မြို့မဈေးရှိ ဈေးသူဈေးသားများ မီးဘေးကြိုတင်ကာကွယ်ရေး အသိသတိရှိကြစေရန်၊ မီးဘေး အန္တရာယ်ကြုံ တွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းကို ယမန်နေ့ညနေ(၃)နာရီအချိန်က အုတ်ဖိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျိုင်းတုံမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း‌ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Dec 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း‌ရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီက ယန်းခမ်းစျေးရှေ့တွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကြံခင်းမြို့နယ် ဘက်ရဲမြို့သစ် ထုတ်လုပ်ရေးစခန်းနှင့် မျှင်ဝါးတောင်သစ်ထုတ်လုပ်ရေး စခန်းများတွင် မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့်မီးဘေးလုံခြုံရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်
Dec 13,2021
တောင် သစ်ထုတ်လုပ်ရေးစခန်းများတွင် ယမန်နေ့နံနက်ပိုင်းက မီးဘေး အန္တရာယ် ကြိုတင် ကာကွယ် ရေးအသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့် ခြင်းများ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။