ပူတာအိုမြို့နယ်၊ ပူတောင်းကျေးရွာအုပ်စုအတွင်း “ပန်းခင်း”စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Dec 13,2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံသား တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား “ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းကို လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပူတာအိုမြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ခိုင် ဦးစီးသော ဝန်ထမ်းများက ပူတာအိုမြို့နယ် ပူတောင်းကျေးရွာအုပ်စု၊ ထူးဆန်းကျေးရွာ ကလေးသူငယ် ဘက်စုံဖွံ့ဖြိုးရေး မူကြိုကျောင်းတွင် အခြေချကာ ပူတောင်း ကျေးရွာအုပ်စုအတွင်း နေထိုင်လျက်ရှိသော ပြည်သူများအား ယမန်နေ့ နံနက် (၁၀)နာရီက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။