ကြံခင်း ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်ဘက်ရဲမြို့သစ်ထုတ်လုပ်ရေးစခန်းနှင့် မျှင်ဝါး တောင် သစ်ထုတ်လုပ်ရေးစခန်းများတွင် ယမန်နေ့နံနက်ပိုင်းက မီးဘေး အန္တရာယ် ကြိုတင် ကာကွယ် ရေးအသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့် ခြင်းများ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးခြင်းကိုမြိုနယ်ဦးစီးမှုးဦးကိုကိုနိုင်က မီးဘေးကြိုတင်ကာကွယ်ရမည့် အချက်များ အား လည်းကောင်း၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးခန့်သူဗိုလ်မှ မီးဘေးအန္တရာယ်၊ မီးလောင်မှုဖြစ်ပွား တတ်သောအချက်များအား လည်းကောင်း အသိပညာပေး ရှင်းလင်း ဟောပြောခဲ့ကြောင်း သိရသည်။
ထိုနောက် မီးဘေးလုံခြုံရေးဇာတ်တိုက် သရုပ်ပြရာ ဘက်ရဲမြို့သစ်ထုတ်လုပ်ရေးစခန်းနှင့် မျှင်ဝါးတောင် သစ်ထုတ်လုပ်ရေးစခန်းများရှိ ဝန်ထမ်းများနှင့်မိသားစုများအားဆီမီး(DCP) မီးသတ်ဆေးဗူးဖြင့် မီးလောင် ခြင်း အန္တရာယ်ကြုံတွေ့ပါက အရေးပေါ်မီးငြိမ်းသတ်နိုင်ရန် ပြသပေးခြင်း၊ အဝတ်ရေစိုဖြင့် အရေးပေါ် မီးငြိမ်းသတ်ပုံများကို သရုပ်ပြလေ့ကျင့်ပေး ခဲ့ကြောင်းနှင့် သစ်ထုတ်လုပ်ရေးစခန်းများရှိအရန် မီးသတ် များ အားရေ သယ်ယာဉ်မှ မီးသတ်ပိုက်ဖြင့် မီးငြိမ်းသတ်ပုံများကို မြို့နယ်မီးသတ် ဦးစီးမှူးဦးကိုကိုနိုင်၊ ဒု မီးသတ်ဦးစီးမှူး ဦးစည်သူအောင်၊ လက်ထောက်မီးသတ် ဦးစီးမှူးဦးခန့်သူဗိုလ်နှင့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင်(၆)ဦးတို့က သရုပ်ပြဇာတ်တိုက်လေ့ကျင့်ပေး ခဲ့ကြောင်းသိရသည်။
မိုးမိုး