အုတ်ဖိုမြို့မစျေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

အုတ်ဖို  ဒီဇင်ဘာ  ၁၃

မြို့မဈေးရှိ ဈေးသူဈေးသားများ မီးဘေးကြိုတင်ကာကွယ်ရေး အသိသတိရှိကြစေရန်၊ မီးဘေး အန္တရာယ်ကြုံ တွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းကို ယမန်နေ့ညနေ(၃)နာရီအချိန်က အုတ်ဖိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ရာတွင် မီးသတ်တပ်ဖွဲ့၀င်များက သရုပ်ပြ မီးငြိမ်းသတ်ခြင်း၊ ဈေး၀န်ထမ်းများနှင့်ဈေး သူဈေးသားများက လက်တွေ့သရုပ်ပြ မီးငြိမ်းသတ်ခြင်း၊ မီးသတ် မော်တော်ယာဉ်ဖြင့် ရေပတ်ဖြန်းမီးငြိမ်းသတ် သရုပ်ပြခြင်းများကို မြို့နယ်မီးသတ် ဦးစီးမှူး ဦးသန်းလင်းအောင်၏ကြီးကြပ်မှုဖြင့် သန္ဓေတပ်ဖွဲ့၀င်များ၊ အရန်မီးသတ်တပ်ဖွဲ့၀င်များက သရုပ်ပြဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်မင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၀င်များ၊ မီးသတ်ဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဈေးသူဈေးသားများ လာရောက်အားပေးခဲ့ပြီး မြို့မဈေးကြီးအတွင်း မီးဘေးကြိုတင် ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်သူ