သတင်းများ

ပုလောမြို့ စည်ပင်သာယာစျေးအတွင်း မီးဘေးအန္တရာယ်ကင်းရှင်းနိုင်ရေး ကွင်းဆင်းစစ်ဆေး
Dec 14,2021
ပွင့်လင်းရာသီ  ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကင်းရှင်းစေရန် အတွက် ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၈ နာရီက ပုလောမြို့ စည်ပင်သာယာစျေးကြီးအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
ကော့သောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Dec 14,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇ ပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၅ နာရီအချိန်က မြို့ပေါ်ရပ်ကွက် များအနှံ့ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ အသံချဲ့စက်ဖြင့်  လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့ကြသည်။
နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Dec 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများ ၊ မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်လျက်ရှိ ကြောင်း သိရသည်။
မက်မန်းမြို့နယ်၌ အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး(Green Growth) သင်တန်းဖွင့်လှစ်
Dec 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး(Green Growth)အသိပညာပေးသင်တန်းကို ဒီဇင်ဘာလ ၁၂ရက်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ပြင်ဦးလွင်မြို့နယ်အတွင်း  ပန်းခင်းစီမံချက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ
Dec 14,2021
မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့နယ်အတွင်း  ပန်းခင်းစီမံချက်  အသိပညာပေးခြင်းနှင့် လက်ကမ်းစောင်များ ဆက်လက်ဖြန့်ဝေခြင်းကို ယနေ့  နံနက် ဆယ်နာရီခွဲအချိန်မှစတင်၍ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ပြင်ဦးလွင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊  ခရိုင်ဦးစီးမှူး၊ ပြင်ဦးလွင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊  မြို့နယ်ဦးစီးမှူးရုံး ၊  မြို့နယ်ဦးစီးမှူး ဦးစောဝဏ္ဏနှင့် ဝန်ထမ်းများ  ပူးပေါင်းကာ  ရပ်ကွက်ကြီး (၁၇)၊ အနီးစခန်း၊  မြို့အဝင်ကျောက်တောင်နှင့် မန္တလေး-လားရှိုး လမ်းမကြီး တစ်လျှောက်တို့တွင်   လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရသည်။
ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်
Dec 14,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ယမန်နေ့ နေ့လည် ၁၂ နာရီခန့်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ပူးပေါင်း၍ ကလေး သူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ကျေးရွာအုပ်စုအတွင်းမှ ကာကွယ်ဆေးမထိုးရသေးသည့် ပြည်သူများ ပဥ္စမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Dec 14,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု တီကျစ်မြို့မ ဘုန်းတော်ကြီးကျောင်းစုရပ်၌ အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးမထိုးရသေးသည့် ပြည်သူများအား ပဥ္စမသုတ်ပထမအကြိမ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက် သိရသည်။
နောင်ချိုမြို့နယ်၌ သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းသို့  အလှူငွေနှင့် နေ့လယ်စာ အာဟာရ လှူဒါန်း
Dec 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် သဖန်းကိုင်း ပရဟိတ လူမှုကူညီရေးအသင်း ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာအတွက် နေ့လယ်စာ အာဟာရနှင့် သံဃာတော်များနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများကို နေ့လယ်စာ ဆွမ်းအာဟာရများကို ယမန်နေ့ နံနက်ပိုင်းတွင် အလှူရှင်များက လာရောက်လှူဒါန်း ပေးလျက်ရှိကြောင်း သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းထံမှ သိရသည်။