မိုင်းနောင် ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊မိုင်းနောင်မြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ကျောင်းသား /ကျောင်းသူလေးများ အားလပ်သည့်အချိန် စာပေဖတ်ရှုလေ့လာမှု အလေ့အထရှိစေရန်နှင့် စိတ်ပျော်ရွှင်လန်းဆန်း တက်ကြွစေရန်၊ စာဖတ်စွမ်းရည်များ၊ စကားပြောစွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ပုံပြောပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ကျောင်းသား /ကျောင်းသူလေးများအား ကျောင်းပိတ်ရက်ဖြစ်သော တနင်္ဂနွေနေ့များတွင် စာပေဖတ်ရှုလေ့လာနိုင်ရေး၊ စိတ်အပန်းဖြေနိုင်ရေး၊ စိတ်ပျော်ရွှင်လန်းဆန်းတက်ကြွစေရေး၊ စာပေချစ်မြတ်နိုးသူများဖြစ်လာစေရေးနှင့် အဖက်ဖက်မှ ဖွံ့ဖြိုးတိုးတက်၍ ထူးချွန်ထက်မြက်သည့် အနာဂတ်လူရည်ချွန်များ ဖြစ်လာစေရေးတို့အတွက် ပုံပြင်ပြောပြိုင်ပွဲများကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်၍ ပါ၀င်ယှဉ်ပြိုင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား အလှူရှင် ဦးစိုင်းပြည့်၀န်းဇာနည်နှင့် ဒေါ်နန်းမိညိုမိသားစုတို့က ဆုများနှင့် အမှတ်တရဂုဏ်ပြုလက် ဆောင်များအား ပေးအပ်ခဲ့ကြောင်းသိရသည်။
မနန်း(မိုင်းနောင်)