သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်ဆောင်ရွက်
Dec 13,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် ကလေး သူငယ်များ ၊ စာပေချစ်မြတ်နိုးသူများအနေဖြင့် စာပေဗဟုသုတရရှိစေရန်ရည်ရွယ်ပြီး Online မှ တဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပျက် ရိုက်ကူးထုတ်လွှင့်ပေးရာ ယနေ့နံနက်ပိုင်း က စာရေးဆရာ မောင်သာနိုး၏ စာဖတ်ကြရအောင်စာအုပ်အား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနော်လော်မူမှ စာအုပ်မိတ်ဆက်ခြင်း အစီအစဉ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။