စဉ့်ကိုင်မြို့နယ်တွင် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲဆောင်ရွက်

စဉ့်ကိုင်  ဒီဇင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန   လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲ (၁) နာရီ က ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့်  (၇၅)  နှစ်မြောက် လွတ်လပ်ရေးနေ့    အထိမ်းအမှတ်အကြို ပြိုင်ပွဲ၊ ပြပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   ဦးစီးအရာရှိ  ဦးဘိုဘိုဟန် က   (၇၅)နှစ် မြောက် လွတ်လပ်ရေးနေ့  အထိမ်းအမှတ် ပြိုင်ပွဲ၊ ပြပွဲများပြုလုပ်မည့်    အစီအစဉ်ကို  အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး  စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းဥက္ကဋ္ဌ စာရေး ဆရာရှေ့နေ  ဦးဝင်းကြည်က လွတ်လပ်ရေးနေ့တွင် ကဗျာရွတ်၊ ပန်းချီ၊ ပြိုင်ပွဲများ၊ အသိပညာပေးဟောပြောပွဲကို  ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍    ဒုတိယဦးစီးမှူး   ဒေါ်ဝင်းဝင်းသန်းက ပြိုင်ပွဲများတွင်  ပြိုင်ပွဲဝင်ဦးရေ သတ်မှတ်ပြီး အကဲဖြတ်  အမှတ်ပေးဒိုင်များ  ရွေးချယ်ရေးများကိုတင်ပြဆွေးနွေးခဲ့ပြီး  စာရေးဆရာ  နန်းမျိုးဝင်းနှင့် တက်ရောက်လာသော  စာပေချစ်သူများအဖွဲ့ကလည်း ဆုများပေးအပ် ချီးမြှင့်နိုင်ရေး၊   ကျောင်းများသို့  ဖိတ်ကြားရေးစသည့် ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝင်းဝင်းသန်း