စဉ့်ကိုင်မြို့နယ်တွင် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲဆောင်ရွက်

စဉ့်ကိုင်  ဒီဇင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန   လူထုအခြေပြုဗဟိုဌာန ( Community  Centre  ) ခန်းမတွင် ယနေ့ မွန်းလွဲ ( ၁ ) နာရီ က ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄ )ရက် နေ့တွင် ကျရောက်မည့်  ( ၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့    အထိမ်းအမှတ်အကြို ပြိုင်ပွဲ၊ ပြပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   ဦးစီးအရာရှိ  ဦးဘိုဘိုဟန်က   (၇၅)နှစ် မြောက် လွတ်လပ်ရေးနေ့  အထိမ်းအမှတ် ပြိုင်ပွဲ၊ ပြပွဲများပြုလုပ်မည့်    အစီအစဉ်ကို  အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး  စာအုပ်စာစောင်ချစ်မြတ်နိုးသူများ  အသင်းဥက္ကဋ္ဌ စာရေးဆရာ ရှေ့နေ  ဦးဝင်းကြည်ကလွတ်လပ် ရေးနေ့တွင် ကဗျာရွတ်၊ ပန်းချီ၊ပြိုင်ပွဲများ၊ အသိပညာပေး ဟောပြောပွဲကို  ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍    ဒုတိယဦးစီးမှူး   ဒေါ်၀င်း၀င်းသန်းက ပြိုင်ပွဲများတွင်  ပြိုင်ပွဲ၀င်ဦးရေ သတ်မှတ်ပြီးအကဲဖြတ်  အမှတ်ပေးဒိုင်များ  ရွေးချယ်ရေးများကိုတင်ပြဆွေးနွေးခဲ့ပြီး  စာရေးဆရာ  နန်းမျိုး၀င်း နှင့် တက်ရောက်လာသော  စာပေချစ်သူများအဖွဲ့ကလည်း ဆုများပေးအပ်ချီးမြှင့်နိုင်ရေး၊   ကျောင်းများသို့  ဖိတ်ကြားရေးစသည့်ကိစ္စရပ်များကို ဝိုင်း၀န်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝင်းဝင်းသန်း