မိုင်းဆတ် ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ အရုပ်ဆက်ပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ စိတ်လက်ပေါ့ပါး ပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင် တတ်စေရန် အရုပ်ဆက်ပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး အဆိုပါ ပြိုင်ပွဲသို့ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများမှ လာရောက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်မောင် (မိုင်းဆတ်)