သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူ ပြည်သူ ၅၉၅ ဦးတို့အား Sinopharm ပထမအကြိမ် ထိုးနှံပေး

သာစည်  ဒီဇင်ဘာ  ၁၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး  ထိုးနှံရန် ကျန်ရှိ‌နေသည့် ပြည်သူ ၅၉၅ ဦးတို့အား ပထမအကြိမ်အဖြစ် သတ်မှတ်ဆေးထိုးစုရပ်ဖြစ်သည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့က ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်‌ ဆေးထိုးနှံရေးအဖွဲ့များက Sinopharm အမျိုးအစား ကာကွယ်ဆေး ပုလင်းတစ်လုံးလျှင် ငါးဦးနှုန်းဖြင့် မြို့ပေါ်(၇)ရပ်ကွက်နှင့် သာစည်မြို့ အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများအား ထိုးနှံပေးခဲ့သည်။

သာစည်မြို့နယ်တွင် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများကို ဇူလိုင်လ ၃၁ ရက်မှ စတင်၍ ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေး လွှမ်းခြုံမှုအနေဖြင့် ယမန်နေ့အထိ Sinopharm အမျိုးအစား ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီးသူ  ၅၆၅၀၉ ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးစီးသူ  ၄၂၅၅၀ ဦး၊  Sinovac အမျိုးအစား ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီးသူ ၁၇၄၇၄ ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးစီးသူ ၁၄၉၄၁ ဦး၊ စုစုပေါင်း ၁၃၁၄၇၄ ဦးတို့အား ထိုးနှံ‌‌ပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)