သံတောင်ကြီး ဒီဇင်ဘာ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် ကလေး သူငယ်များ ၊ စာပေချစ်မြတ်နိုးသူများအနေဖြင့် စာပေဗဟုသုတရရှိစေရန်ရည်ရွယ်ပြီး Online မှ တဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပျက် ရိုက်ကူးထုတ်လွှင့်ပေးရာ ယနေ့နံနက်ပိုင်း က စာရေးဆရာ မောင်သာနိုး၏ စာဖတ်ကြရအောင်စာအုပ်အား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနော်လော်မူမှ စာအုပ်မိတ်ဆက်ခြင်း အစီအစဉ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မြို့နယ်ရုံးစာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များ၊ ကျောင်းသူကျောင်းသားများ၊ ကလေးသူငယ်များ အတွက် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက Online မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင်ပြော၊ ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ စက္ကူခေါက် စသည့်အစီအစဉ်များ ကို သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Page တွင် စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိ ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)