လောင်းလုံး ဒီဇင်ဘာ ၁၃
တနင်္သာရီတိုင်းဒေကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာ၌ အသက်(၁၂)နှစ်ပြည့်ပြီးသော အလယ်တန်း၊ အထက်တန်းကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinovac) ကို ယနေ့နံနက် (၁၀)နာရီအချိန်က လောင်းလုံးမြို့နယ် အ-ထ-က၊ သကျက်တောကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ကာကွယ်ဆေးထိုးနှံပေးရာတွင် လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာမှ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၁၂)နှစ်ပြည့်ပြီး အလယ်တန်း/အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၄၆)ဦးတို့အား ကာကွယ်ဆေးထိုး မှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက် ပေးပြီး ကျန်းမာရေးကောင်းသူများအား ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac)ကို စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို လောင်းလုံးမြို့နယ်၊ ကျန်းမာရေးဝန်းထမ်းများ၊ ကျောင်းဆရာ/ဆရာမများနှင့် လူမှုရေးအသင်းအဖွဲ့များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)