ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိ
Dec 14,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်နှင့် ရောဂါ ကွင်းဆက်ပြတ်တောက်နိုင်စေရန် ရည်ရွယ်၍ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသည့် ပြည်သူများအား ယနေ့ နံနက် ၈ နာရီက ပုလောမြို့နယ် ခန်းမ၌ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးကို ဆက်လက် ကွင်းဆင်း ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။