သတင်းများ

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေးအတွက် Mask Camping ပြုလုပ်ဆောင်ရွက်
Dec 14,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကူးစက်မှုကို ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ပါးစပ်နှင့်နှာခေါင်းစည်း Mask များအား အခမဲ့ဖြန့်ဝေပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက မြို့နယ် ကိုဗစ်၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် ပင်မဒေသန္တရ ကျန်းမာ‌ရေးဌာနနှင့် မန္တ‌လေးလမ်းမကြီးပေါ်တွင် Mask Campaign ပြုလုပ်၍ ပါးစပ်နှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်အတွင်း အသက်၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac(Corona Vac) ဆေး ထိုးနှံပေးလျက်ရှိ
Dec 14,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်အထက် အလယ်တန်းနှင့်အထက်တန်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac(Corona Vac) ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ပထမအကြိမ်ဆေး ထိုးနှံသူများနှင့် ဒုတိယအကြိမ်ပြည့် ဆေးထိုးနှံသူများအား ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ GAP စနစ်ဖြင့် စိုက်ပျိုးသော ဆောင်းမြေပဲ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Dec 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် GAP စနစ်ဖြင့် စိုက်ပျိုးသော ဆောင်းမြေပဲ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း နေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
ကျိုက်လတ်မြို့နယ်အမှတ်(၂)ရပ်ကွက်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိ သူ (၁၃၉)ဦးအား နေ့ချင်းပြီးဆောင်ရွက်ပေး
Dec 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသား စိစစ်ရေးကတ်ပြားတစ်မျိုးမျိုးကို ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီ က အမှတ်(၂)ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။
ကျောက်ဖြူခရိုင် Community Centre ခန်းမ၌ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲကျင်းပ
Dec 14,2021
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်ကျရောက်မည့် (၄၇)နှစ်မြောက်၊ ရခိုင်ပြည်နယ်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စစ်တုရင်ပြိုင်ပွဲကို ပြုလုပ်ကျင်းပသည်။
အခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)၌ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါစစ်ဆေးပေး
Dec 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  ကိုဗစ်-၁၉​ရောဂါ ပိုးကူး စက်မှု လျော့နည်းလာသည့်အတွက် ဒီဇင်ဘာလ၁၃ရက်  က စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်ပြီဖြစ်ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ရောဂါပိုးကင်းစင်စွာဖြင့် စာသင်ကြားနိုင်ရေးအတွက်  ယမန်နေ့နံနက်ပိုင်းက အထက(မိုင်းဖြတ်)ကျောင်း၌ ကိုဗစ်-၁၉ ရောဂါ (အခမဲ့)စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ဥတ္တရခရိုင်အတွင်း၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Dec 14,2021
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင်အတွင်း  ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာအချက်များကို  ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​​ရေးဌာနမှဝန်ထမ်းများက အသိပေးနှိုးဆော်​ခြင်းများ ဆောင်ရွက်ခဲ့​ကြသည်။
ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ"အိုမီခရွန်"ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများကရင်၊မြန်မာနှစ်ဘာသာဖြင့် ဆောင်ရွက်
Dec 14,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဒေသနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေး နှိုးဆော်မှု လုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန် မပြတ် နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။