မိုင်းတုံမြို့၊ အထကမိုင်းတုံရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်ပိုးစစ်ဆေးပေးလျက်ရှိ
Dec 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ရှိ အထကမိုင်းတုံရှိ ကျောင်းသား ကျောင်းသူများအား RDT Test Kit ဖြင့် ယမန်နေ့နံနက် ၈နာရီမှ ညနေ ၃နာရီ ၃၀ မိနစ်အချိန်ထိ ကျောင်းသား/ ကျောင်းသူ(၂၉၈)ဦးစစ်ဆေးပေးခဲ့ရာ (positive) ကိုဗစ်ပိုးတွေ့ရှိသူ ကျောင်းသူ (၁)ဦးကျောင်းသား (၁)ဦး စုစုပေါင်း(၂)ဦး ဖြစ်ပြီးကျန် (၂၉၆ )ဦးမှာ Negative ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။