သတင်းများ

လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်ကိုဗစ်မျိုးကွဲ အိုမီခရွန်(Omicron) အကြောင်း  အများပြည်သူများ သိရှိနိုင်စေရန် အသိပညာပေး နှိုးဆော်
Dec 14,2021
ကရင်ပြည်နယ်၊ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ်၊  ကိုဗစ်-၁၉ရောဂါကူးစက်မှုများ မဖြစ်ပေါ် စေရေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် မြန်မာဘာသာနှင့်ပိုးကရင်ဘာသာ​စကားတို့ဖြင့် အသိ ပညာပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နှင့် ကိုဗစ်မျိုးကွဲ အိုမီခရွန်(Omicron)အကြောင်း အများပြည်သူများသိရှိနိုင်စေရန်အတွက် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်တွင် အသက်(၁၈)နှစ် အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးစားပေး ဦးတည်အုပ်စုအလိုက် စနစ်တကျ ထိုးနှံပေး လျက်ရှိရာ ယနေ့တွင် အသက်(၁၈)နှစ်အထက်ရှိသူများအား ကာကွယ်ဆေး ထိုးစုရပ်ဖြစ်သည့် အမှတ်(၃)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၃၅ လမ်းထိပ် (ယခင်ထွေ/ အုပ်ရုံးဟောင်းရှေ့) တွင် နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်မှ ၁ နာရီအထိ Sinovac(2 Dose) First Dose ကို ထိုးနှံပေးခဲ့ရာ စုစုပေါင်း(၁၄၁)ဦးကို ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(လူထုအခြေပြုဗဟိုဌာန)တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) စကားပုံဆက်ပြိုင်ပွဲကျင်းပ
Dec 14,2021
၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင်ရောက်ရှိမည့် (၇၄)နှစ်မြောက်လွတ်လပ်‌ရေးနေ့ အထိမ်း အမှတ် (အကြို) စကားပုံဆက်ပြိုင်ပွဲကို ဒီဇင်ဘာ ၁၄ ရက် ယနေ့ နံနက်(၁၀)နာရီ အချိန်ခန့်တွင် ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (လူထုအခြေပြုဗဟိုဌာန) တွင် ဆောင်ရွက်ခဲ့သည်။
ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Dec 14,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ် ဆေး ထိုးနှံပေးခြင်းကို မြို့နယ်အတွင်း ဇုံနယ်မြေ(၉)ဇုံ ခွဲခြားသတ်မှတ်ပြီး ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများတွင် နိုဝင်ဘာ ၂ဝရက်နေ့မှစ၍ နေ့စဉ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယ သုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်တွင် အသက် (၁၈) နှစ်နှင့် အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Dec 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု ကာကွယ်တားဆီးနိုင်ရေးအတွက် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား      (ပဥ္စမအသုတ်) ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြကန်သာရပ်ကွက်အတွင်းရှိ ဆီဆိုင်မြို့နယ်ခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။  
ကျောက်တံတားမြို့နယ်တွင် အသက်(၄၀)နှစ်အထက် ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးစားပေး ဦးတည်အုပ်စုအလိုက် စနစ်တကျ ထိုးနှံပေး လျက်ရှိရာ အသက်(၄၀)နှစ်အထက်ရှိသူများအား ကာကွယ်ဆေး ထိုးစုရပ်ဖြစ်သည့် အမှတ် (၃)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၃၅ လမ်းထိပ် (ယခင်ထွေ/အုပ်ရုံးဟောင်းရှေ့)တွင် နံနက်(၉)နာရီအချိန်မှ (၁၁)နာရီအချိန်ထိ Sinopharm (5 Dose) Second Dose ကို ထိုးနှံ ပေးခဲ့ရာ စုစုပေါင်း(၂၅၀)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Dec 14,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပတ်စဉ် တနင်္လာနေ့တိုင်းစာဖတ်ဝိုင်း ကျင်းပလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးဝန်ထမ်းများ ပူးပေါင်း၍ စာရေးဆရာ နတ်သျှင်(ရွှေဂူ)၏ “အနာဂတ်ကို မျှော်တွေးပါ” စာအုပ်ဖတ်ရှုပြီး စာဖတ် ဝိုင်း ကျင်းပကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကျေးရွာအုပ်စု(၂)အုပ်စုရှိ ပြည်သူ(၁၉၀)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေး
Dec 14,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက်(၉)နာရီက ‌ ပေါက်တိန်းကျေးရွာအုပ်စုနှင့် သီလှချောင်းကျေးရွာအုပ်စုရှိ ပြည်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများ အရောက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။