စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတွင် ပြည်သူ့အကျိုးပြု အသက်မွေး ဝမ်းကျောင်း သင်တန်းများ အခမဲ့ ဖွင့်လှစ်သင်ကြားပေးမည်
Dec 14,2021
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစားစက်မှုလက်မှု လုပ်ငန်းများ ပေါ်ထွန်းလာစေရန်နှင့် ဒေသစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရာသီအလိုက် ပေါများစွာ ထွက်ရှိသော ဒေသထွက် ကုန်ကြမ်းများကို အခြေခံပြီး အရည်အသွေးပြည့်မှီသော၊ ဘေးအန္တရာယ် ကင်းရှင်းသော တန်ဖိုးမြှင့်စားသောက်ကုန် ပစ္စည်းများနှင့် ပြည်ပသွင်းကုန် အစားထိုး လူသုံးကုန်ပစ္စည်းများကို ကောင်းမွန်စွာထုတ်လုပ်နိုင်ရန် အဓိကရည်ရွယ်၍ တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာစသည့် အသက်မွေးဝမ်းကျောင်း သင်တန်းများကို စစ်ကိုင်းတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ချမ်းမြဝတီရပ်ကွက် တိုင်းရင်းဆေးရုံအနီး မုံရွာမြို့ရှိ သင်တန်းခန်းမတွင် သင်တန်းကြေး အခမဲ့ဖြင့် ဖွင့်လှစ်သင်ကြား ပို့ချပေးမည်ဖြစ်ရာ သင်တန်းကာလများမှာ တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းအား (၂၀-၁၂-၂၀၂၁)ရက်နေ့မှ (၂၆-၁၂-၂၀၂၁)ရက်နေ့အထိ လည်းကောင်း၊ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းအား (၂၇-၁၂-၂၀၂၁)ရက်နေ့မှ ၃၀-၁၂-၂၀၂၁) ရက်နေ့အထိ လည်းကောင်း ဖွင့်လှစ်သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထိုက်တန်ထံမှ သိရသည်။