ကျောက်ဆည် ဒီဇင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ အခမဲ့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီက ရွှေဒါးကျေးရွာမှ ပြည်သူများအား နိုင်ငံသား စိစစ်ရေး ကတ်များ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီး အရာရှိ ဦးအောင်ထားရွှေနှင့် ဝန်ထမ်းများက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမင်းဦး၊ ရပ်မိ၊ ရပ်ဖများနှင့် ပူးပေါင်း ပြီး အသက်(၁၆)နှစ်မှ (၁၈)နှစ်အကြား အမျိုးသား (၅)ဦး၊ အမျိုးသမီး(၂)ဦး အသက်(၁၈)နှစ်အထက် အမျိုးသား (၁) ဦး၊ အမျိုးသမီး(၂)ဦး စုစုပေါင်း(၁၀)ဦးအား နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး အခမဲ့ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူရုံးအနေဖြင့် ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုစာရင်းမရှိသူများ၊ နိုင်ငံသားကတ်မရှိသူများအား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် ချိတ်ဆက်ပူးပေါင်းပြီး အခမဲ့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အချိန်အထိ အသက် (၁၆) နှစ်မှ အသက် (၁၈) နှစ်အကြား အမျိုးသား (၂၄၂)ဦး၊ အမျိုးသမီး(၂၁၈)ဦး၊ (၁၈)နှစ်အထက် အမျိုးသား (၁၃၅၈) ဦး၊ အမျိုးသမီး (၁၃၂၉) ဦးနှင့် အမျိုးသား (၁၂၁၁) ဦး၊ အမျိုးသမီး (၁၁၄၁) ဦး ပါသည့် အိမ်ထောင်စုစာရင်း (၇၄၁) စု အား ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)