သတင်းများ

မအူပင်မြို့တွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိမှုမရှိစေရေး အသိပေးနှိုးဆော်
Dec 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိမှုမရှိစေရေး ယနေ့ နံနက်ပိုင်းတွင် မအူပင်မြို့ရပ်ကွက်များအတွင်း လှည့်လည်ကြေညာ အသိပေးနှိုးဆော်လျက်ရှိသည်။
မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုဆောင်ရွက်
Dec 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် ၊မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ၊ကာကွယ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် လိုက်နာ‌ဆောင်ရွက်ရမည့် အချက်များကို မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများက စဉ်ဆက်မပြတ်လိုက်လံနှိုးဆော် လျက်ရှိရာ ဒီဇင်ဘာလ ၁၄ ရက်၊ နံနက်က မိုးနဲမြို့ပေါ်ရပ်ကွက်များသို့ လက်ကိုင်အသံချဲ့စက်ငယ်ဖြင့် အသိပညာပေး လိုက်လံ နှိုးဆော်ခဲ့ကြ‌သည်။
ကျောက်ဖြူမြို့တွင် ကျောင်းပြင်ပမူလတန်းပညာရေး ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာနှင့် အလှူငွေပေးအပ်ပွဲအခမ်းအနားကျင်းပ
Dec 14,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာ ရေး ကျောင်းသား၊ကျောင်းသူများအား စာ‌ရေးကိရိယာနှင့် အလှူငွေထောက်ပံ့ပေး အပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာများအရောက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ
Dec 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  Sinopharm (ပထမအကြိမ်)နှင့် ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့က  မြို့ပေါ်(၅)ရပ်ကွက်ရှိ ပြည်သူများအား အမှတ်(၃)ရပ်ကွက် ပါလျန်ဘုန်းတော်ကြီးကျောင်းနှင့် တာလု/တာလေ ကျေးရွာအုပ်စုရှိ ပြည်သူများအား တာလုံးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆေးထိုးစုရပ် နေရာတို့တွင် တာဝန်ရှိသူများက သွားရောက် ထိုးနှံဆောင်ရွက်ပေးခဲ့သည်။       
ဝေါမြို့၌ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား Phase 5 Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမ အကြိမ်ထိုးနှံပေး
Dec 14,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဦးတည်အုပ်စုများ အလိုက် ပြည်သူများအား စတင်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက ဝေါမြို့နယ်ခန်းမတွင် ထိုးနှံပေးလျက်ရှိသည် ။
မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် တက်ရောက်
Dec 14,2021
ပြည်သူများအနေဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန မှ ကြီးမှူးဖွင့်လှစ်ခဲ့သော လူသုံးကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးဦးအောင်ချိန် တက်ရောက် ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကာကွယ်နိုင်ရေး ရပ်ကွက်၊ ကျေးရွာများသို့ ရှမ်း၊ မြန်မာနှစ်ဘာသာဖြင့် လိုက်လံအသိပညာပေး
Dec 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ရပ်ကွက်၊ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကာကွယ်နိုင်ရေးအတွက် ပြည်သူလူထု သိရှိလိုက်နာရမည့်   အချက်များကို ရှမ်း၊ မြန်မာနှစ်ဘာသာဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့သည်။
ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ (Fitness Dance) (အခမဲ့) အားကစားသင်တန်းဖွင့်လှစ်
Dec 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရေကြည်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် (Fitness Dance) (အခမဲ့) အားကစားသင်တန်းကို ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။