မိုင်းတုံမြို့၊ အထကမိုင်းတုံရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်ပိုး‌စစ်ဆေးပေးလျက်ရှိ

မိုင်းတုံ  ဒီဇင်ဘာ  ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ရှိ အထကမိုင်းတုံရှိ ကျောင်းသား ကျောင်းသူများအား RDT Test Kit ဖြင့် ယ‌မန်နေ့နံနက် ၈နာရီမှ ညနေ ၃နာရီ ၃၀ မိနစ်အချိန်ထိ ကျောင်းသား/ ကျောင်းသူ(၂၉၈)ဦးစစ်ဆေးပေးခဲ့ရာ (positive) ကိုဗစ်ပိုး‌တွေ့ရှိ‌သူ ကျောင်းသူ (၁)ဦး‌ကျောင်းသား (၁)ဦး စုစုပေါင်း(၂)ဦး ဖြစ်ပြီးကျန် (၂၉၆ )ဦးမှာ Negative ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ ကျောင်းသား/နှင့်ကျောင်းသူ (၂)ဦးအား မိုင်းတုံမြို့နယ် ပြည်သူ့ ဆေးရုံရှိ သီးသန့်ဆောင်တွင် ဆေးကုသပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် အတန်းကို Home  Quarantine ခုနှစ်ရက်ထားရှိကာ ကျန်ရှိကျောင်းသားကျောင်းသူများအား ပုံမှန်ကျောင်းဖွင့် ၍ စာသင်ကြားပေးသွားမှာဖြစ်‌ကြောင်း‌ ယာယီတာဝန်ခံ ကျောင်းအုပ်ဆရာမဒေါ်ပပဆွေတင့်ထံမှ သိရသည်။

( မိုင်းတုံ,ပြန်/ဆက်)