တုံတာမြို့တွင် Online မှ တစ်ဆင့် အသိပညာပေးခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိ

တုံတာ      ဒီဇင်ဘာ     ၁၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးကာလအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးအစီအစဉ်များကို Online မှ တစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားသည့်ကာလအတွင်း စာကြည့်တိုက်သို့ လာရောက်ရန် အခက်အခဲရှိ သူများနှင့် ကျောင်းသား/သူကလေးများအတွက် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ တီထွင်ဖန်တီးနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာကြည့်တိုက်ကို အသုံးပြု တတ်လာစေရန် ရည်ရွယ်၍ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ အရုပ်ခေါက်ခြင်း၊ စာအုပ် မိတ်ဆက် ခြင်းများကို တင်ဆက်ပေးလျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်အဲန်း မေရီက ကလေးများအတွက် ရုပ်ပုံပြပုံပြင်ပြောခြင်းကို ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးခဲ့ကြောင်း သိရသည်။

လှိုင်လှိုင်ငြိမ်း