ဓနုဖြူ ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မီးသတ်ဦးစီးဌာနဦးစီးဌာနမှ ပြည်သူလူထုအတွင်း မီးဘေးလုံခြုံရေး အသိပညာများ စိမ့်ဝင်ပျံ့နှံစေရန် ရည်ရွယ်၍ ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့၊ နံနက်(၈)နာရီအချိန်က မီးဘေးလုံခြုံရေး ပညာပေးလက်ကမ်းစာ စောင်များ ဖြန့်ဝေခဲ့သည်။
အဆိုပါ မီးဘေးလုံခြုံရေး ပညာပေးလက်ကမ်းစာစောင်များကို မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးနောင်နောင်နှင့် ဝန်ထမ်းများမှ မြို့မဈေးနှင့် ကားဂိတ်၊ စက်လှေဆိပ်၊ ဂွန်ဒေါင်းဂိတ် စသည့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေခဲ့သည်။ လက်ကမ်းစာစောင်တွင် မီးသတ်ဆေးဘူး အသုံးပြုပုံ၊ မိမိနေအိမ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန်၊ မီးလောင်မှုဖြစ်၍ မီးခိုးအန္တရာယ် ကြုံတွေ့ရလျှင်၊ ဆေးလိပ်သောက်လျှင်၊ လျှပ်စစ်ဓါတ်အားသုံးလျှင်၊ ဓါတ်ဆီဖြည့်လျှင်၊ မိသားစုဝင် အားလုံးအပြင်သွားမည်ဆိုလျှင် စသည့် မီးဘေးလုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများ ထည့်သွင်းဖော်ပြထားကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)