သတင်းများ

ပြည်ကြီးမဏ္ဍိုင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ဉာဏ်စမ်းပြိုင်ပွဲကျင်းပ
Dec 14,2021
တနင်္သာရီတိုင်းဒေသကြီး၊  ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ယန့နေ့လည် ၁ နာရီခွဲအချိန်တွင် ဉာဏ်စမ်းပြိုင်  ပွဲအားကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စလင်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း မိုးလုံလေလုံ အားကစားခန်းမဖွင့်ပွဲနှင့် ပေါင်းနား(၃)လမ်း ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့တက်ရောက်
Dec 14,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း မိုးလုံလေလုံ အားကစားခန်းမဖွင့်ပွဲနှင့် ပေါင်းနား(၃)လမ်းကွန်ကရစ်လမ်းသစ် ဖွင့်လှစ်ခြင်းကို ယမန်နေ့ ညနေ ၅ နာရီ ၂၀ မိနစ် အချိန်က မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ တက်ရောက်ဖွင့်လှစ် ပေးခဲ့သည်။
အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးမထိုးရသေးသည့်ပြည်သူများ ပဥ္စမအသုတ် ပထမ အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံသူ (၄၉၀)ဦးရှိ
Dec 14,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့၊ နောင်တရားပရိယတ္တိစာသင်တိုက်၌ အသက်(၁၈)နှစ်အထက် ကာကွယ်ဆေး မထိုးရသေးသည့် ပြည်သူများအား ပဥ္စမသုတ်ပထမအကြိမ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက် သိရသည်။
မင်းလှမြို့တွင် အိုမီခရွန်ဗီဇပြောင်း ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်ခြင်းနှင့် နံရံကပ်ပြသ
Dec 14,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့ကျစေရေးအတွက် အသိပညာပေး နှိုးဆော်မှုများနှင့် နံရံကပ်ပြသခြင်းအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရပ်ကွက်ကျေးရွာအုပ်စုအတွင်း လှည့်လည်၍ Hand Speaker ဖြင့် အိုမီခရွန်ဗီဇပြောင်းရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိ‌ပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအားတတိယအသုတ် ဒုတိယအကြိမ် ကိုဗစ် -၁၉ရောဂါကာကွယ်ဆေးထိုးနှံ
Dec 14,2021
 မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက်ပြည်သူများအားဒုတိယ  အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့်ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။ 
ပုံပါကျင်မြို့ Community Centre ခန်းမ၌ ပန်းချီ‌ဆွဲပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပပြုလုပ်
Dec 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီ အချိန်က ပန်းချီဆွဲပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ တွံ​တေး၌ ကွင်းဆင်း ဆောင်ရွက်ပေး
Dec 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို ယမန်နေ့ နံနက် ၉နာရီအချိန်က ဘုရားကြီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဘားအံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား တိုက်နယ်ပေါင်းစုံအမျိုးသား အသက်(၂၁)နှစ်အောက် ဘောလုံး ပြိုင်ပွဲ ဆုချီးမြှင့်
Dec 14,2021
၂၀၂၁ ခုနှစ် ဘားအံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား တိုက်နယ်ပေါင်းစုံအမျိုးသား အသက် (၂၁) နှစ် အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က အောင်သံလွင် အားကစားကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီး ချုပ်ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဘောလုံး အားကစားဝါသနာ ရှင်ပရိတ်သတ်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အဖြစ် မိဇံတိုက်နယ် ဘောလုံးအသင်းနှင့် ဂျိုင်းတိုက်နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ မိဇံတိုက်နယ်ဘောလုံးအသင်းက အချိန်ပိုတွင် ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။