ပုံပါကျင် ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီ အချိန်က ပန်းချီဆွဲပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းသား/ ကျောင်းသူများအား ပန်းချီစွမ်းရည်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးမှုရှိစေရန်နှင့် ဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ ပန်းချီဆွဲပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရ သည်။
အဆိုပါ ပန်းချီရေးဆွဲပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးဆုရရှိသည့်ကျောင်းသား/ကျောင်းသူများအား အမှတ်တရလက်ဆောင် များပေးအပ်ခဲ့ကြောင်း သိရသည်။
(ပြန်/ဆက်)