နောင်တရား ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့၊ နောင်တရားပရိယတ္တိစာသင်တိုက်၌ အသက်(၁၈)နှစ်အထက် ကာကွယ်ဆေး မထိုးရသေးသည့် ပြည်သူများအား ပဥ္စမသုတ်ပထမအကြိမ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက် သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတော်မှ ကာကွယ်ဆေး လုပ်ငန်းများ ကို ဦးစားပေးအစီအစဉ်အလိုက် ဆောင်ရွက်ပေးလျက်ရှိပြီး ကျေးရွာအုပ်စုများ အတွင်းမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများကို ပဥ္စမသုတ်၊ ပထမအကြိမ်အဖြစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် နောင်တရားပရိယတိ္တစာသင်တိုက်စုရပ်၌ သာသနာ့ဝန်ထမ်းများ၊ အခြားဝင်ငွေရှိလုပ်ငန်းလုပ်ကိုင်သူများ၊ မှီခိုနှင့် နိုင်ငံဝန်ထမ်းစုစုပေါင်း (၄၉၀)ဦး ကာကွယ်ဆေး လာရောက်ထိုးနှံသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများ ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကျေးရွာအုပ်စု အတွင်းရှိ စုရပ်များ၌ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
ခွန်အောင်(နောင်တရား)