ပြည်ကြီးမဏ္ဍိုင် ဒီဇင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ယန့နေ့လည် ၁ နာရီခွဲအချိန်တွင် ဉာဏ်စမ်းပြိုင် ပွဲအားကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရခြင်းမှာ ကျောင်းသား/ကျောင်းသူ ကလေးငယ်များ စာကြည့်တိုက်သို့လာရောက်ပြီး စာပေဖတ်ရှုလေ့လာသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာ စေရန်ရည်ရွယ်၍ ဉာဏ်စမ်းပြိုင်ပွဲအား ကျင်းပရခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်း ကရှင်းလင်းပြောကြားပါသည်။
အဆိုပါ ဉာဏ်စမ်းပြိုင်ပွဲသို့ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ အခြေခံပညာအလယ်တန်း ကျောင်း (ပြည်ကြီး မဏ္ဍိုင်)မှ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်သူများမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများ အား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကေခိုင်ဝင်း(ပြန်/ဆက်)