သတင်းများ

ဝိုင်းမော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာဝတီမြစ်အတွင်း ငါးသားပေါက်ကောင်ရေ (၂၀၀၀၀၀) ငါးမျိုးစိုက်ထည့်
Dec 14,2021
ကချင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဝိုင်းမော်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ၂၀၂၁ ခုနှစ် (၆)လတာ ဘဏ္ဍာရေးနှစ်အတွက် ဧရာဝတီမြစ်အတွင်း ငါးမျိုး စိုက်ထည့်ခြင်းကို ဒီဇင်ဘာလ (၁၄)ရက် နံနက်(၈)နာရီက ဝိုင်းမော်မြို့ ရပ်ကွက်(၁)ရှိ ဧရာဝတီမြစ်ဆိပ် တွင် ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
သထုံမြို့နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များမပေါ်ပေါက်စေရန် ပူးပေါင်းကူညီဆောင်ရွက်ကြရေး မြို့မိမြို့ဖများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ
Dec 14,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အကြမ်းဖက်လုပ်ရပ်များ ထပ်မံမဖြစ်ပွားစေရေးအတွက် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်နိုင်ကြရေး တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၄ ရက်၊ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးခန်းမ၌ ကျင်းပရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် စားသုံးသူများဆိုင်ရာ အသိပညာပေး(Talk Show)ကျင်းပ
Dec 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူများဆိုင်ရာ အသိပညာပေး(Talk Show)ကိုကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းပန်မြို့နယ်တွင် ဓါတ်သတ္တု လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် လျှောက်ထားသည့် နေရာများအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး
Dec 14,2021
​ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်း၌ ဓါတ်သတ္တုလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် လျှောက်ထားသည့်နေရာများသို့လင်းခေးခရိုင်၊ ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများမှ ယမန်နေ့နံနက်(၁၀)နာရီအချိန်က အဆိုပါနေရာများသို့ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ဝါးဖြင့်ပြုလုပ်သော အိမ်သုံး၊လူသုံးကုန်ပစ္စည်းများဒေသတွင်း ဝယ်ယူမှုစျေးကွက်နည်းပါးလာ
Dec 14,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်အား ဆက်သွယ်ပေးထားသည့် ကားလမ်းမပေါ်တွင် ဒေသတွင်း ထွက်ရှိသည့်ဝါးပင်မှ အိမ်သုံးပစ္စည်း၊ လုပ်ငန်းသုံး ပစ္စည်းရောင်းချသည့်ဆိုင်များ နည်းပါးလာလျက်ရှိသည်ကို တွေ့ရှိခဲ့ရသည်။
မြောင်းမြခရိုင်အတွင်းရှိမြို့နယ်ကျေးရွာများတွင် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Dec 14,2021
တိုင်းဒေသကြီး ပြည်နယ်အသီးသီးတွင် ပြည်သူများအား ကိုဗစ်ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်အတွင်းရှိ မြို့နယ် ကျေးရွာများတွင် သံဃာတော်များ၊ သီလရှင်များ၊ ဒေသခံပြည်သူများကို လူမျိုးဘာသာမရွေး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းကို ဦးတည်ရာအုပ်စုများသတ်မှတ်၍ စုရပ်များခွဲ၍ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ပဲခူးမြို့၌ ကိုဗစ်-၁၉ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်
Dec 14,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေးရေးအတွက် ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်များသို့ လှည့်လည်အသိပညာပေး နှိုးဆော် ကြေညာခဲ့ကြောင်း သိရသည်။