မိုင်းယုမြို့၌ ကိုဗစ်-၁၉ရောဂါနှင့် မျိုးရိုးဗီဇပြောင်း အိုမိခရွန်(Omicron)အကြောင်း အသိပညာပေး နံရံကပ်စာစောင်ပြသ

မိုင်းယု  ဒီဇင်ဘာ  ၁၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ ပြည်သူများ ကိုဗစ်-၁၉ ရောဂါနှင့် မျိုးရိုးဗီဇပြောင်း အိုမိခရွန်(Omicron)ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမရှေ့၌ ကိုဗစ်-၁၉ရောဂါနှင့် မျိုးရိုးဗီဇပြောင်း အိုမိခရွန် (Omicron)အကြောင်း အသိပညာပေးနံရံကပ်စာစောင်ကို ပြသပေးထားခဲ့သည်။

အဆိုပါ နံရံကပ်စာစောင်တွင် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမိခရွန် (Omicron) အပါအဝင် ပြည်သူများ သတိပြုကာကွယ်နိုင်ရန်နည်းလမ်းများ၊ နိုင်ငံအသီးသီးတွင် အိုမိခရွန် (Omicron)ရောဂါ ကူးစက်ပြန့်ပွားမှုအခြေအနေများ၊ အိုမိခရွန်(Omicron)ရောဂါ၏ ထူးခြား ချက်များ၊ ရောဂါအနေများကြောင့် ကမ္ဘာတစ်လွှား နယ်စပ်များပိတ်ထားမှုအခြေအနေများ၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင် ပညာသင်ကြားဖို့  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြစို့၊ ကိုဗစ်-၁၉ရောဂါ တစ်ဦးနှင့်တစ်ဦး ကူးစက်ပြန့်ပွားမှုနှင့် ကူးစက် သူတို့အတွက် စိတ်အားဖြည့်အကြံပေးချက်များစသည့် ဆောင်ရန်ရှောင်ရန်နှင့် လိုက်နာဆောင်ရွက်ကြရန်နည်းလမ်းများကို ဒေသခံပြည်သူများ လေ့လာကြည့်ရှု့နိုင်ရန်အတွက် ပြသထားပေးကြောင်း သိရသည်။

ကိုကိုနိုင်(မိုင်းယု)