အုတ်တွင်း ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စစ်ဆေးရေးဂိတ်များ၌ ဆောင်ရွက်နေမှု များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဟင်းငုတ်ပင်စစ်ဆေးရေးဂိတ်နှင့် မြို့အထွက်ရှိ အထွက်တိုးဂိတ်များ၌ ဖွင့်လှစ်ထားသည့် ကျန်းမာရေးစစ်ဆေးရေးဂိတ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်ဗိုလ်မှူး မြင့်ဇော်၊ ခေတ္တရဲတပ်ဖွဲမှူး ဦးမင်းအောင်နှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက သွားရောက်ကြည့်ရှု စစ်ဆေးကာ ဂိတ်များအတွင်း တာဝန်ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီသတ် တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာန၊ တာဝန်ကျဝန်ထမ်းများနှင့် တွေ့ဆုံ၍ မြို့နယ်အတွင်းသို့ အခြားဒေသ များမှ ဝင်ရောက်လာသည့် မော်တော်ယာဉ် များ စီးနင်းလိုက်ပါကြသည့် ခရီးသည်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ အထူးဂရုပြု စစ်ဆေးဆောင်ရွက်စေလိုကြောင်း၊ ဒေသခံပြည်သူများ အနေဖြင့် နေအိမ်ပြင်ပထွက်ခွာခွင့် ကတ်ပြားပါရှိမှသာ သွားလာခွင့်ပြုရန် ပြောကြားကာ ဒေသခံပြည်သူများအား အပြင် ထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာကြရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မတပ် ဆင်သူများ တွေ့ရှိပါက ဒဏ်ငွေရိုက်ခြင်းများအား အထူးကြပ်မတ် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်ခင်မာ