သာယာဝတီမြို့နယ် မြစ်မခမြစ် သဘာဝရေပြင် အတွင်းသို့ ငါးမျိုးများ စိုက်ထည့်

သာယာဝတီ ဒီဇင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ငါးလုပ်ငန်း ဦးစီးဌာနသည် ခရိုင်အတွင်း ငါးသယံဇာတများ ထိန်းသိမ်းစေရေး၊ ငါးမျိုးပြန့်ပွားစေရေး၊ ငါးထုတ်လုပ်မှု တိုးတက်စေရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်နှင့် ဝင်ငွေရရှိစေရန် ရည်ရွယ်၍ ခရိုင်အတွင်းရှိ သဘာဝရေပြင်များဖြစ်သည့် ရေကန်များ၊ ချောင်းများနှင့် ဆည်တမံများအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ခြင်းကို နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက သာယာဝတီမြို့နယ်၊ စံရွေးကျေးရွာ၊ မြစ်မခမြစ်တံတားထိပ် သဘာဝရေပြင် အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ကြောင်း သိရသည်။

အဆိုပါ ငါးမျိုးများ စိုက်ထည့်ရာတွင်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူ၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး အောင်စည်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစန်းဟို၊ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးတင်ထွန်းနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျေးရွာပြည်သူများက ငါးမြစ်ချင်းကောင်ရေ ၆၀၀၀၀ ၊ ငါးခုံးမကြီးကောင်ရေ ၈၀၀၀၀ ၊ ရွှေဝါငါးကြင်း ၁၀၀၀၀ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၁၅၀၀၀၀ တို့အား မြစ်မခမြစ်သဘာဝရေပြင်အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

သန့်ဇော်