ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်

ပေါက်ခေါင်း   ဒီဇင်ဘာ   ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂(၆)လဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းလုပ်ငန်းရန်ပုံ‌ငွေွဖြင့် ကျေးရွာတွင်း မြေသားလမ်းများ ပြုပြင်ခြင်းနှင့် ကျောက်ချော မြေနီလမ်းခင်းခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးရန် ပုံ(VDP)ငွေကျပ်(၁၀၀)သိန်းဖြင့် ဆောင်ရွက်သည့် ပေါက်ခေါင်းမြို့နယ် ကန်းနီကျေးရွာရှိ အရှည်(၃၀၀၀)ပေ၊ အကျယ်(၁၀)ပေ၊ ထု(၉)လက်မရှိ ရွာတွင်းလမ်းနှင့် ဒန်းဒေါင့်ကျေးရွာရှိ အရှည်(၂၉၀၀)ပေ၊အကျယ်(၁၀)ပေ၊ထု(၉)လက်မရှိ ရွာတွင်းလမ်း ပြုပြင်ခြင်းနှင့် ကျောက်ချော မြေနီ လမ်းခင်းခြင်းလုပ်ငန်းများကို စက်ယန္တရားများဖြင့် စတင်အ‌ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကျေးလက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးဇော်၊ ဒုတိယဦးစီးမှူး ဦးခင်မောင်ဝင်းနှင့် ဝန်ထမ်းများက ယမန် နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်အောင်