မအူပင်မြို့တွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိမှုမရှိစေရေး အသိပေးနှိုးဆော်

မအူပင်    ဒီဇင်ဘာ   ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိမှုမရှိစေရေး ယနေ့ နံနက်ပိုင်းတွင် မအူပင်မြို့ရပ်ကွက်များအတွင်း လှည့်လည်ကြေညာ အသိပေးနှိုးဆော်လျက်ရှိသည်။

အဆိုပါ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို အသက် ၁၈ နှစ်အထက် ပထမအကြိမ် ဆေးထိုးသူများအား မအူပင်မြို့ တိုးရွှေဝါခန်းမနှင့် ကျေးရွာစုရပ်ထားရှိရာ နေရာများတွင် လာရောက်ထိုးနှံနိုင်ကြောင်းနှင့် အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေးထိုးနှံသူများ ကျန်ရှိမှုမရှိစေ ရေး ရပ်ကွက်/ ကျေးရွာများအတွင်း အသိပေးနှိုးဆော်ဆောင်ရွက်လျက်ရှိရာ ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ် ကြောင်းသိရသည်။

အောင်ခိုင် ၊ အောင်မြင့်မြတ် (မအူပင်)