မိုးနဲ ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် ၊မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ၊ကာကွယ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် အချက်များကို မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများက စဉ်ဆက်မပြတ်လိုက်လံနှိုးဆော် လျက်ရှိရာ ဒီဇင်ဘာလ ၁၄ ရက်၊ နံနက်က မိုးနဲမြို့ပေါ်ရပ်ကွက်များသို့ လက်ကိုင်အသံချဲ့စက်ငယ်ဖြင့် အသိပညာပေး လိုက်လံ နှိုးဆော်ခဲ့ကြသည်။
ထိုသို့ လိုက်လံနှိုးဆော်ရာတွင် မိုးနဲမြို့ လွိုင်မြေရပ်ကွက်နှင့်ပေါ့မိုင်းရပ်ကွက်အတွင်းရှိ ပြည်သူများအား အတတ်နိုင်ဆုံးမိမိအိမ်တွင်နေထိုင်ရေး၊ မိမိနေအိမ်ပြင်ပထွက်ခွာရပါက Mask ကိုစနစ်တကျ တပ်ဆင်ပြီး လူစုလူဝေးနေရာများကို ရှောင်ကြဥ်ရေး၊ လက်ကို မကြာခဏ ဆေးကြောရေး၊ အပြင်မှပြန်လာတိုင်း Mask ကို စနစ်တကျ စွန့်ပစ်ပြီး အဝတ်မလဲမီ၊ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်မီ၊ အိမ်သားများနှင့် အနီးကပ်မထိတွေ့စေရေး၊ ရောဂါကူးစက်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှု ခံယူရေး၊ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ဆောင်ရန်/ရှောင်ရန် အချက်များကို လိုက်နာခြင်းဖြင့် ပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေရေး စသည်တို့ကို ပညာပေး လိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
မျိုးညွန့်ရွှေ (ပြန်/ဆက်)