ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ (Fitness Dance) (အခမဲ့) အားကစားသင်တန်းဖွင့်လှစ်

ငါးသိုင်းချောင်း   ဒီဇင်ဘာ   ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရေကြည်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် (Fitness Dance) (အခမဲ့) အားကစားသင်တန်းကို ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနား၌ ရေကြည်မြို့နယ် အားကစားနှင့်ကာပညာဦးစီးဌာန၊ မြို့နယ်အား ကစားမှူး ဒေါ်နှင်းနှင်းအေးက (Fitness Dance) အားကစားနည်းနှင့် ပါတ်သက်သည့် အကြောင်းအရာများနှင့် ကိုယ်လက်လှုပ်ရှားအားကစား ပုံမှန်ပြုလုပ်ဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းသို့ ငါးသိုင်းချောင်းမြို့ပေါ်ရှိ ဒေသခံပြည်သူ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၁၀)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး ယနေ့မှစ၍ အပါတ်စဉ် အင်္ဂါနေ့နှင့်ဗုဒ္ဓဟူးနေ့ ညနေပိုင်း အချိန်များတွင် ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ် အားကစားမှူးနှင့်နည်းပြများက ပုံမှန်သင်တန်း ပို့ချသင်ကြားပေးသွားမည်ဖြစ်ပြီး ဇန်နဝါရီလ (၂၆)ရက်နေ့တွင် သင်တန်းကာလ ပြီးဆုံးမည် ဖြစ်ရာ စုစုပေါင်းသင်တန်းကာလ (၁၄)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။

စိုးမင်းဦး

မြို့၊ ပြန်/ဆက်