မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် တက်ရောက်

မကွေး     ဒီဇင်ဘာ      ၁၄

ပြည်သူများအနေဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍  မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန မှ ကြီးမှူးဖွင့်လှစ်ခဲ့သော လူသုံးကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးဦးအောင်ချိန် တက်ရောက် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းဆင်းပွဲ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စီးပွားရေးရာ ဝန်ကြီး ဦးအောင်ချိန်က အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းသား /သူများ အနေဖြင့် သင်တန်းနည်းပြဆရာ/ဆရာမများ ပို့ချ သင်ကြားပေးခဲ့သော  လူသုံးကုန် ထုတ်လုပ်မှု နည်းပညာများအား အသုံးပြု၍ မိမိတို့မိသားစု ဝင်ငွေတိုးပွားရေး တွင်သာမကဘဲ  တစ်နိုင်တစ်ပိုင် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်လာသည်အထိ ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ တိုင်းဒေသကြီးအစိုးရအနေဖြင့်လည်း အသေးစား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ ထုတ်လုပ်သော လူသုံးကုန်ပစ္စည်းများအား အသုံးပြုသူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်လည်း အလေးအနက်ထား ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် အသုံးပြုသူများအကြိုက် လူသုံးကုန်ပစ္စည်းများ တီထွင်ဖန်တီးနိုင်သည် စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်လာသည်အထိ ကြိုးစား ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။ 

ဆက်လက်၍ မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသ ကြီးဦးစီမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဗိုလ်မှ သင်တန်းဖွင့်လှစ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပြီးနောက် သင်တန်းသား/သူများအား လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းမှ ထုတ်လုပ်ခဲ့သော သင်တန်းထွက်ကုန် ကုန်ချော ပစ္စည်းများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် သင်တန်သား/သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးမှ သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် သင်တန်းသား/သူများ ကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း  သိရသည်။

အဆိုပါလူသုံးကုန် ထုတ်လုမှုနည်းပညာသင်တန်းကို ၁၀.၁၂.၂၀၂၁ ရက်နေ့မှ ၁၄.၁၂.၂၀၂၁ ရက်နေ့ထိ (၅) ရက်အခမဲ့ ဖွင့်လှစ် ခြင်းဖြစ်ပြီး သင်တန်းသား/သူ (၂၀)ဦးခန့်အား သဘာဝ ထွက်ကုန်များ အသုံးပြု၍ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ အစရှိသည့် လူသုံးကုန် ပစ္စည်းထုတ်လုပ်နည်းများအား သင်ကြားပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကိုစည်သူ(မကွေး)