ကျောက်ဖြူ ဒီဇင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာ ရေး ကျောင်းသား၊ကျောင်းသူများအား စာရေးကိရိယာနှင့် အလှူငွေထောက်ပံ့ပေး အပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောက်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်နုနုသာက ကျောက်ဖြူမြို့နယ်အတွင်း ကျောင်းပြင်ပမူလတန်း ပညာရေး အခြေစိုက်စခန်းဖွင့်လှစ်ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောင်းပြင်ပမူလတန်းပညာရေးမှ မြို့နယ်ကြီးကြပ်ရေးမှူး ဆရာမကြီး ဒေါ်တင်တင် အုန်းက ကျောင်းပြင်ပပညာရေး၏ သဘောသဘာဝ၊ မြို့နယ်အတွင်း စခန်းများဖွင့်လှစ် ထားရှိမှု၊ ပညာ သင်ကြားနေကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ အခြေအနေများအား အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်ပြီး ကျောင်းပြင်ပမူလ တန်းပညာရေးမှ Level-1, Level-2 တက် ရောက်သင်ယူနေသော ကျောင်းသား၊ ကျောင်းသူများအား စေတနာရှင်များမှလှူဒါန်းသည့် အလှူငွေ (၁၀) သိန်းကျပ်နှင့် စာရေးကိရိယာ များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ရာ ကျောင်းပြင်ပမူလတန်းပညာရေးမှ မြို့နယ်ကြီးကြပ်ရေးမှူးမှ လက်ခံရယူခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်မိသားစုစည်းရုံး ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဉက္ကဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင် များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ စေတနာအလှူရှင်များ၊ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း