မိုင်းယောင်း ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ရပ်ကွက်၊ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကာကွယ်နိုင်ရေးအတွက် ပြည်သူလူထု သိရှိလိုက်နာရမည့် အချက်များကို ရှမ်း၊ မြန်မာနှစ်ဘာသာဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် လက်ကိုမကြာခဏ ဆပ်ပြာနှင့်ရေကိုအသုံးပြုပြီး စက္ကန့် ၂၀ ကြာ စနစ်တကျ ပွတ်တိုက်ဆေးကြောပါ၊ ရေနှင့်ဆပ်ပြာ မရနိုင်သောနေရာများတွင် အရက် ပြန် အနည်းဆုံး ၆၀ ရာခိုင်နှုန်းပါဝင်သော လက်သန့်ဆေးရည်နှင့် သန့်ရှင်းပါ၊ တတ်နိုင်သမျှ မိမိလက်နှင့်မျက်နှာကို မထိမိစေရန် ဂရုပြုပါ၊ လူစုလူဝေးကိုရှောင်ပြီး တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ရန်၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်းကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန် စသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ အသံချဲ့စက်ဖြင့် လိုက်လံအသိပညာပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း