မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုဆောင်ရွက်
Dec 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် ၊မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ၊ကာကွယ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် အချက်များကို မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများက စဉ်ဆက်မပြတ်လိုက်လံနှိုးဆော် လျက်ရှိရာ ဒီဇင်ဘာလ ၁၄ ရက်၊ နံနက်က မိုးနဲမြို့ပေါ်ရပ်ကွက်များသို့ လက်ကိုင်အသံချဲ့စက်ငယ်ဖြင့် အသိပညာပေး လိုက်လံ နှိုးဆော်ခဲ့ကြသည်။