ကွမ်းခြံကုန်း ဒီဇင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူများဆိုင်ရာ အသိပညာပေး(Talk Show)ကိုကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ(TalkShow)ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဒေါ်နန့်ဆွေနွယ်ဦးက(Talk Show) ပြုလုပ်ရခြင်းကို ရှင်းလင်းပြောကြားပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက၊ စားသုံးသူများအခွင့်အရေး၊ စားသုံး သူများတာဝန်၊ စီးပွားရေး လုပ်ငန်းရှင်များ၏တာဝန်၊ စီးပွားရေးလုပ်ငန်းရှင်မှ ကုန်စည်အမှတ်အသား ဖော်ပြရန် အချက်များနှင့် စားသုံးသူ အကာအကွယ်ပေးသည့် ဥပဒေအကြောင်းအရာများစသည့် သိကောင်းစရာများ ဆွေနွေးပြောကြားကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online pageမှတဆင့် စာအုပ်မိတ်ဆက်၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်းအပြင် စာအုပ်များ ငှားရမ်းပေးခြင်း၊ ပြပွဲများ၊ပြိုင်ပွဲများ၊ကျင်းပပြုလုပ်ပေးခြင်းနှင့်(Talk Show) အစီအစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေနွယ်