ဝိုင်းမော် ဒီဇင်ဘာ ၁၄
ကချင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဝိုင်းမော်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ၂၀၂၁ ခုနှစ် (၆)လတာ ဘဏ္ဍာရေးနှစ်အတွက် ဧရာဝတီမြစ်အတွင်း ငါးမျိုး စိုက်ထည့်ခြင်းကို ဒီဇင်ဘာလ (၁၄)ရက် နံနက်(၈)နာရီက ဝိုင်းမော်မြို့ ရပ်ကွက်(၁)ရှိ ဧရာဝတီမြစ်ဆိပ် တွင် ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ရာတွင် ငါးသံယံဇာတ ပေါများစေရန်နှင့် ငါးထုတ်လုပ်မှုကို တိုးတက်မြင့်မား စေရန်အတွက် မြစ်ကြီးနားခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှူး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းဟန်၊ ဝိုင်းမော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်ထွန်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေး ဦးအောင်မြတ်ထိုက်နှင့် ဝိုင်းမော်မြို့နယ် ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ ဌာနတွင်းဝန်ထမ်း များ တက်ရောက်ပြီး နှစ်လက်မအရွယ် ငါးမြစ်ခြင်းနှင့် ငါးခုံးမကြီး သားပေါက်ကောင်ရေ (၂၀၀၀၀၀) ကောင်အား ဧရာဝတီမြစ်အတွင်း စိုက်ထည့်ခဲ့ကြောင်းသိရှိရသည်။
ဝိုင်းမော်(ပြန်/ဆက်)