မြောင်းမြခရိုင်အတွင်းရှိမြို့နယ်ကျေးရွာများတွင် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

မြောင်းမြ  ဒီဇင်ဘာ ၁၄

တိုင်းဒေသကြီး ပြည်နယ်အသီးသီးတွင် ပြည်သူများအား ကိုဗစ်ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်အတွင်းရှိ မြို့နယ် ကျေးရွာများတွင် သံဃာတော်များ၊ သီလရှင်များ၊ ဒေသခံပြည်သူများကို လူမျိုးဘာသာမရွေး  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းကို ဦးတည်ရာအုပ်စုများသတ်မှတ်၍ စုရပ်များခွဲ၍ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြ၊ ဝါးခယ်မ၊ အိမ်မဲမြို့နယ်များနှင့် ကျေးရွာများတွင် အသက်(၁၈)နှစ်အထက် အကျုံးဝင်သူဦးရေ ၅၉၃၈၂၇ဦးရှိရာ   (၁၃-၁၂-၂၀၂၁)ရက်နေ့ အထိ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေမှာ First Dose ၂၅၆၉၈၄ ဦး၊ Second Dose ၁၃၈၂၇၇ ဦး၊ စုစုပေါင်း ၃၉၅၂၆၁ဦး ရှိကြောင်းသိရပြီး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို  ခရိုင်/ မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှအဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာဝန်သူနာပြု ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ လာရောက်၍ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တွင် အသက်(၁၈)နှစ်အထက် အကျုံးဝင်သူဦးရေ ၄၄၆၀၄၈၂ ဦးရှိပြီး (၁၃- ၁၂ - ၂၀၂၁)ရက်နေ့အထိ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေမှာ First Dose ၂၂၇၉၀၈၃ ဦး၊ Second Dose ၁၃၉၇၈၆၆ ဦး၊ စုစုပေါင်း ၃၆၇၆၉၄၉ ဦးရှိကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)