သထုံမြို့နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များမပေါ်ပေါက်စေရန် ပူးပေါင်းကူညီဆောင်ရွက်ကြရေး မြို့မိမြို့ဖများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

သထုံ      ဒီဇင်ဘာ       ၁၄

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အကြမ်းဖက်လုပ်ရပ်များ ထပ်မံမဖြစ်ပွားစေရေးအတွက် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်နိုင်ကြရေး တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၄ ရက်၊ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးခန်းမ၌ ကျင်းပရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်က သထုံမြို့နယ်အတွင်းဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်များ၊ အကြမ်းဖက်လုပ်ရပ်များ ထပ်မံမဖြစ်ပွားနိုင်ရေး ပူးပေါင်းကူညီဆောင်ရွက် ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များတို့ကို ရှင်းလင်း ဆွေးနွေးသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုက ပြောကြားရာတွင် မြို့ရွာလုံခြုံရေးရှိမှ တရားဥပဒေစိုးမိုးမည်ဖြစ်ပြီး တရားဥပဒေစိုးမိုးမှ အုပ်ချုပ်ရေးမဏ္ဍိုင်ခိုင်ခံ့မည်ဖြစ်ကာ မြို့ရွာဖွံ့ဖြိုးတိုး တက် မည်ဖြစ်ကြောင်း သို့ဖြစ်ရာ မြို့ရွာအလိုက် လုံခြုံရေးကို အလေးထားဆောင်ရွက် ကြရမည်ဖြစ်ပြီး မိမိတို့ ရပ်ရွာအေးချမ်းသာယာရေးအတွက် တက်ရောက်လာ သူများက ပူးပေါင်းဆောင် ရွက်ကြစေ လိုကြောင်း မိမိတို့အနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ပြည်သူလူထုအကျိုးငှာ ဆောင်ရွက် သွား မည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူလူထု ပါဝင်မှအောင်မြင်မည်ဖြစ်ကာ ပူးပေါင်း မှုမရှိပါက ပြည်သူလူ ထုသာနစ်နာရမည်ဖြစ်ကြောင်း ဒေသတွင်း အကြမ်းဖက်လုပ် ရပ်များနှင့် ပတ်သတ်၍ သတင်းပေးကြစေလိုပါကြောင်း အကြမ်းဖက် အဖွဲ့အစည်းများနှင့် ပတ်သတ်သူများ၊ ထောက်ပံ့ သူများကို ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူလျှက်ရှိပြီး မိမိတို့ မြို့နယ်အေးချမ်းသာယာရေး အတွက် အားလုံး၌ တာဝန်ရှိပါကြောင်း သို့ဖြစ်ရာ မြို့မိမြို့ဖများအနေဖြင့် ဝိုင်းဝန်းထိန်းကျောင်းကြ စေလိုပါကြောင်း တက်ရောက်လာသည့် ပရဟိတအသင်းအဖွဲ့များအနေဖြင့်လည်း အကြမ်းဖက်အဖွဲ့ အစည်းများနှင့် မပတ်သတ်ကြရန်လိုအပ်‌ကြောင်း လုပ်ငန်းရှင်များအား အကြမ်းဖက်အဖွဲ့များ၏ ခြိမ်းခြောက်မှုများရှိ‌ရာ ထိုသို့ ခြိမ်းခြောက်ခံနေရမှုများကို သတင်းပေးကြစေလိုကြောင်း ဆွေးနွေးအမှာ စကားပြောကြားသည်။

ယင်းနောက် တက်ရောက်လာသည့် မြို့မိမြို့ဖများက မြို့နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မေးမြန်းဆွေးနွေးရာ ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက ပြန်လည် ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖ များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုကူညီရေး ပရဟိတအဖွဲ့များ၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့ များနှင့် ဖိတ်ကြားထားသူများတို့ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

 

ခရိုင်ပြန်/ဆက်