မရမ်းကုန်းမြို့နယ်​​ ရေစီး​ရေလာ​ကောင်းမွန်​စေ​ရေး​ ရေ​မြောင်းသန့်ရှင်း​ရေး​ ဆောင်ရွက်

မရမ်းကုန်း ဒီဇင်ဘာ ၁၄

မြို့တော်သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၁)ရပ်ကွက်၊ တပင်‌ရွှေထီးလမ်းနှင့်မဟော်ဂနီလမ်းထောင့်ရှိ​ ရေ​​မြောင်းအတွင်း ရေစီး​ရေလာ​ကောင်းမွန်​စေ​ရေး​ ရေ​မြောင်း သန့်ရှင်း‌ရေးဆောင်ရွက်ခြင်းတို့ကို ယ​​နေ့နံနက် ၉း၀၀နာရီအချိန်က စတင်​ဆောင်ရွက်ခဲ့သည်။

ထိုသို့​လုပ်ငန်းများ​ဆောင်ရွက်ရာတွင်​ ရေစီး​ရေလာ​ကောင်မွန်​စေ​ရေးအတွက်​ ရေ​မြောင်းအတွင်းရှိ အမှိုက်များ၊ နှုံးများ၊​ ရေ​​မြောင်းပတ်ဝန်းကျင်ရှိ သစ်ပင်ချုံနွယ်များ ရှင်းလင်းခြင်းများအား သန့်ရှင်း ရေးလုပ်သား(၅)ဦး၊ ‌ရေစီးရေလာ လုပ်သား(၅)ဦး ၊စုစုပေါင်း(၁၀)ဦးနှင့်Mini Backhoe (၁)စီးတို့ဖြင့် ဆောင်ရွက်ခဲ့​​ကြောင်း သိရသည်။