ခရမ်းမြို့နယ် ဒေးပေါက်စံပြ ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ခရမ်း  ဖေဖော်ဝါရီ 

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းနှင့်အတူ ဝန်ထမ်းအဖွဲ့များ၊ ဒေးပေါက်စံပြကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ခရမ်းမြို့နယ် ဒေးပေါက်အထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် နာရီမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းကို ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ထိုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးမှူး ဦးမောင်မောင်သန်းမှ ပန်ခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား (အသစ်/လဲလှယ်)ခြင်းများ ပြုလုပ်ပေးရာတွင်  သိသင့်သိထိုက်သည့် အချက်များနှင့် ပန်းခင်းစီမံချက် ဆောင်ရွက် ပေးနေမှုများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ၏ ရပိုင်ခွင့်များ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်သူတို့ လိုက်နာရမည့် စည်းကမ်းချက်များ၊ အိမ်ထောင်စု လူဦးရေစာရင်း လျှောက်ထားမှု၊ မွေးဖွားသေဆုံး/ ပြောင်းဝင်/ပြောင်းထွက် လုပ်ငန်းတို့၏ အရေးပါပုံတို့နှင့်အတူ ပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ပြုပြင်ခြင်းနှင့် ပျောက်ဆုံး/ပျက်စီးမှုများရှိပါက သက်ဆိုင်ရာ ဦးစီးဌာနသို့ ဆက်သွယ်ပြုလုပ်နိုင်ကြောင်း ရှင်းလင်း ပြောကြားခဲ့ ပြီးပြုလုပ်ပြီးစီးခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့်  ဒေးပေါက်စံပြကျေးရွာ အုပ်စုအတွင်းရှိ ကျေးလက်နေ ပြည်သူ(၂၅၅)ဦးတို့ကို ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ကိုမင်း (ခရမ်း)