ကျိုက်ထိုမြို့နယ်အတွင်းရှိ ပြည်သူ (၃၆၁၀)ဦး ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose  (တတိယ)အကြိမ် Sputnik Light ထိုးနှံပြီးစီး

ကျိုက်ထို ဖေဖော်ဝါရီ ၉

ကျိုက်ထိုမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များမှ ကြီးကြပ်၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ခွန်မောင်အိုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင်သော အဖွဲ့များသည် ဖေဖော်ဝါရီ (၈)ရက်နေ့တွင် ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေးအား Booster Dose (တတိယ)အကြိမ် Sputnik Light အား ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံ ပေးလျက်ရှိ ကြောင်း သိရသည်။

ယင်းသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose (တတိယ)အကြိမ် Sputnik Light ထိုးနှံရာ တွင် စုရပ်ဖြစ်သည့် ကျိုက်ထို ပြည်သူ့ဆေးရုံ၊ ကျိုက္ကသာကျေးရွာ၊ ကင်မွန်းချောင်းတိုက်နယ် ဆေးရုံ၊ ကျုချောင်ကျေးရွာနှင့် သိမ်ဇရပ်တိုက်နယ် ဆေးရုံတို့တွင် ကျန်းမာရေးဝန်ထမ်းများ ပညာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း/ ပရဟိတ ဝန်ထမ်းများ၊ သံဃာ/ သီလရှင်/ ဘာသာရေး ခေါင်းဆောင်များ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း များ၊  ပြည်သူများ စုစုပေါင်း (၁၁၅၀)ဦး တို့အား ထိုးနှံပြီးစီးခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင်  ၂၀၂၂ ဇန်နဝါရီ ၃ ရက်မှ ဖေဖော်ဝါရီ ၇ ရက်နေ့အထိ ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose (တတိယ)အကြိမ် ထိုးနှံသူ စုစုပေါင်း (၃၆၁၀)ဦး တို့အား  ထိုးနှံပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)