ဝန်းသိုမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကတ္တရာလမ်းသစ်ဖွင့်ပွဲပြုလုပ်

ဝန်းသို ဖေဖော်ဝါရီ ၉

၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လ.ဝ.ကရုံး အနောက်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ မြကန္တာရပ်ကွက် အဆိုပါလမ်း မုခ်ဦးရှေ့တွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြင့်ထွန်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကတ္တရာလမ်းအရှည်ပေ ၃၇၀၊ အကျယ် ၁၂ပေ၊ ထု ၁၁ လက်မရှိ လမ်းခင်းခြင်း လုပ်ငန်းကို ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ်(အောက်တိုဘာလမှ မတ်လအထိ) ၆ လတာကာလ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ တိုင်းစည်ပင်ထောက်ပံ့(ငွေလုံးငွေရင်း) ငွေကျပ် (၅.၅၀)သန်း ဖြင့် ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ပြီး ယခု ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း အောင်မြင်ပြီးစီးသွားပြီ ဖြစ်သဖြင့် မြို့အင်္ဂါရပ်နှင့်အညီ ဖွံဖြိုးတိုးတက်လာသည့်အပြင် ရပ်ကွက်နေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများအတွက် အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်တော့မည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)