မြိတ် ဖေဖော်ဝါရီ ၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် လူမှုဝန်ထမ်းဦစီးဌာန၊ မူလတန်းကြိုကျောင်းတွင် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် မူလတန်းကြိုကျောင်းတွင် ကလေးများ၏ ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲကို မူကြိုကလေးများက အရောင်ရွေးပြိုင်ပွဲ၊ ရေဘူးဖြည့်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ခေါင်းအုံးရွက် ပြိုင်ပွဲ၊ အင်္ကျီ ကြယ်သီးတပ်၊ ကြက်ဥကောက်ပြိုင်ပွဲ၊ ဘောလုံးသယ်ပြိုင်ပွဲ၊ မုန့်ကိုက် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ မူကြိုကျောင်းမှ ကလေးများက ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု(၂) ဆွတ်ခူးရရှိသူများကို လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ခံ ဒေါ်ဇင်မာဝင်းနှင့် တာဝန်ရှိသူများက ဆုတံဆိပ်များနှင့် အာဟာရမုန့်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အေးအေးမော်