ပုလော ဖေဖော်ဝါရီ ၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ဖွင့်လှစ်လျက် ရှိသော ပြည်သူ့စာကြည့်တိုက်တွင် အသုံးပြုနိုင်ရန်အတွက် စတီးစာအုပ်စင်(၃)စင်ကို ယမန်နေ့က ပုလောမြို့နယ် ပြည်သူ့ စာကြည့်တိုက်တွင် လာရောက် လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းပေးအပ်ရာ တွင် အလျား ၅ ပေ၊ အနံ ၃ ပေရှိသော အဆင့် ၅ ဆင့်ပါ တစ်စင်လျှင် တန်ဖိုးငွေ ၂၂၀၀၀၀/- ကျပ်ရှိ စတီး စာအုပ်စင်(၃)စင် စုစုပေါင်း (၆၆၀၀၀၀/_) ကို (၅၅)နှစ်မြောက်မွေးနေ့ အလှူရှင် ဦးကိုကို (မြို့နယ် လျှပ်စစ်ဦးစီးမှူး)+ ဒေါ်ကြည်ကြည်လွင် (မိသားတစ်စု)၊ ဦးလမင်းချစ်ကို (မြို့နယ်ဦးစီးမှူး) (ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန)+ဒေါ်သန္တာဆွေ (မိသားတစ်စု)၊ ကျေးလက်ဝန်ထမ်းများ ဦးကျော်ဇေယျ (မြို့နယ်ဦးစီးမှူး)(ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန)+ဇနီးတို့မှ လာရောက် လှူဒါန်းပေးအပ်ခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်အေးအေးမော် က လက်ခံခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် သုတစာအုပ် ၇၃၁၁ အုပ်၊ ရသစာအုပ် ၄၇၃၈ အုပ် စုစုပေါင်း ၁၂၀၄၉ အုပ်ဖြင့် အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်း ဆောင်ရွက် ပေးလျက်ရှိသည့်အပြင် ကလေးစာဖတ်ခန်းနှင့် Community Centre များ ဖွင့်လှစ်လျက် ပြပွဲပြိုင်ပွဲများ ဆွေးနွေးပွဲများ၊ စာဖတ်ဝိုင်းများနှင့် သင်တန်းများဖြင့် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
အေးအေးမော် (ပုလော)